City Family – High School Completion Award Ceremony 2026
ပညာရေးဆိုတာ လူတွေရဲ့ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အာဏာအရှိဆုံး အရင်းအမြစ်တွေထဲက တစ်ခုပါပဲ။ City Holdings အနေနဲ့ City Love & Hope မှတစ်ဆင့် ဒီယုံကြည်ချက်ကို လက်တွေ့လုပ်ရပ်တွေအဖြစ်သို့ အကောင်အထည်ဖော်ဆောင်လျက် ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့က City Holdings ကျင်းပပြုလုပ်ခဲ့တဲ့ High School Completion Awards အခမ်းအနားမှာဆိုရင်၊ လက်ရှိ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ City Family လုပ်ဖော်ကိုင်ကိုင်ဖက်များနဲ့ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအတွက် ဂုဏ်ပြုအစီအစဉ် တစ်ခု ပြုလုပ်ကျင်းပပေးခဲပါတယ်။
အခုလို ကြိုးစားအားထုတ်မှုနဲ့ ထူးချွန်မှုကို ပြသခဲ့ကြတဲ့ ထူးချွန်ကျောင်းသား/သူ ၁၀ ဦးကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးနိုင်ခဲ့တဲ့အပြင်၊ အနာဂတ်မှာ သူတို့ရဲ့ ပညာရေးခရီးလမ်းကို ဆက်လက် ထောက်ပံ့ပေးနိုင်မယ့် City Family Scholarship (2025–2026) အစီအစဉ်ကိုလည်း မိတ်ဆက် ပေးခဲ့ပါတယ်။
ပညာရေးအတွက်
ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကျွန်တော်တို့ရဲ့ လူသားအရင်းအမြစ်တွေကို အားဖြည့်ပေး တာဖြစ်သလို၊
လူမှုအသိုက်အဝန်းတစ်ခုလုံးအတွက် ပိုမိုခိုင်မာပြီး ပိုမိုတောက်ပတဲ့ အနာဂတ် တစ်ခုကို
အတူတကွ တည်ဆောက်နေခြင်းပဲ ဖြစ်ပါတယ်။ အောင်မြင်မှုများအားလုံးအတွက် ကျွန်တော်တို့ရဲ့
City Family တစ်ခုလုံးမှာ အတူတကွ ဂုဏ်ယူမိပါတယ်!
ယနေ့အောင်မြင်မှုများသည် မနက်ဖြန်အတွက် ပိုမိုကြီးမားသော အိပ်မက်များနှင့် အခွင့်အလမ်းများ၏ အစပြုခြေလှမ်းများ ဖြစ်ပါစေ။ 💪❤️